ကက်သလစ်အသင်းတော်အကြောင်း တစ်စေ့တစ်စောင်


သမိုင်းကြောင်းကို လေ့လာတာဟာ နောင်တစ်ခါမှာ အလားတူအဖြစ်မျိုးကို ရှောင်ရှားနိုင်ဖို့ပါ။ ``သမိုင်း တစ်ပတ်လည်တယ်´´ (History repeats) ဆိုတဲ့ ဆိုရိုးစကား ကလည်း ရှိတယ် မဟုတ်လား။

ခရစ်ယာန် အသင်းဂိုဏ်ပေါင်း ၃၃၈၀၀ ရှိတယ်လို့ (၂၀၀၁ ခုနှစ်ထုတ်၊ ဧပြီလ၊ သင်းကွဲခရစ်ယာန်ထုတ် ``ကမ္ဘာပေါ်ရှိခရစ်ယာန်များစွယ်စုံကျမ်း´´ မှာဖော်ပြထားတာတွေ့ရတယ်။

အဲဒီလို များပြားလှတဲ့ အသင်းဂိုဏ်းတွေထဲက စစ်မှန်သော အသင်းတော်တစ်ခုတည်းရှိတယ် ဆိုတာကို သိနားလည်ဖို့၊ ရွှေးချယ်နိုင်ဖို့အတွက် အသင်းတော်သမိုင်းအကြောင်းကို နည်းနည်းပါးပါးတော့ သိထား၊ လေ့လာထားဖို့ လိုပါလိမ့်မယ်။

``သင့်အားငါဆိုသည်မှာ သင်သည်ပေတရုဖြစ်၏။ ဤကျောက်ပေါ်တွင် ငါ၏အသင်းတော်ကို ငါတည် ဆောက်မည်။ ထိုအသင်းတော်ကို ငရဲ၏တံခါးတို့သည် မအောင်နိုင်ရာ´´ (မာတေဦး ၁၆း ၁၈)

(အသင်းတော်ဟာ တစ်ခုတည်းဖြစ်တယ်ဆိုတာကို သိနားလည်နိုင်တယ်။ ဘာကြောင့်ဆို `အသင်းတော်´ လို့ အနည်းကိန်းကိုပဲ သုံးထားပါတယ်။ `အသင်းတော်များ´ လို့ သခင်ယေဇူးက သုံးနှုန်းထားခြင်းမရှိတာကို တွေ့ရလိုပဲဖြစ်တယ်။)

သခင်ယေဇူးသည် ကက်သလစ် အသင်းတော်ကြီး တစ်ခုတည်းကိုသာ (မာတေဦး ၁၆း ၁၈-၁၉) တမန်တော်များအားဖြင့် (မာတေဦး ၁း ၁၅) တည်ထောင်ခဲ့ပါသည်။ (John 14:16-17)

ကက်သလစ် အသင်းတော်သည် ကျမ်းစာတစ်ခုတည်းကို လုံးလုံးလျားလျား ယုံကြည်မှုမထားပေ။ ကျမ်းစာနှင့်အတူ ရှေးထုံးစဉ်လာ (ရောမ ၁၀း ၁၄) ကိုလည်း ယုံကြည်လက်ခံပါသည်။ အသင်းတော်ရဲ့ သမိုင်းကိုဖတ်ကြည့်လျှင် ဆင်းရဲသားများ၊ ခိုကိုးရာမဲ့များနှင့်ရောဂါ အမျိုးမျိုးခံစားနေရသူများအတွက် မိမိတို့ရဲ့ အသက်ကို မနှောမြောဘဲ ပေးဆပ်ခဲ့ကြတဲ့ သူတော်မြတ် (Saints) တွေ မရေတွက်နိုင်အောင်ရှိပါတယ်။

အဲ့ဒီသူတော်သူမြတ်တွေဟာ ကျမ်းစာကို ဘယ်လောက်ထိ တတ်ကျွမ်းတယ်ဆိုတဲ့အချက် အပေါ်မှာ မမူတည်ဘဲ ကျမ်းစာရဲ့ သွန်သင်ချက်တွေအပေါ်မှာ ဘယ်လိုအသက်ရှင် နေထိုင်ခဲ့တယ်ဆိုတာကို ဘ၀နဲ့ ရင်းပြီး သက်သေထူပြခဲ့တဲ့ အာဇာနည်တွေပါပဲ။

ဂမုန်း(မိုးမောက်မြို့)

No comments: